မိုင်းရယ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်



မိုင်းရယ်   ဧပြီ   ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် ငလျင်ဘေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဉီးဇော်ထွန်းဦးက ငလျင်ဘေးကြုံတွေ့လာပါက ပြည်သူများသိထားသင့်သည့် လိုက်နာဆောင်ရွက်ရန် အချက်များ၊ ငလျင်ဘေးကြုံတွေ့ပြီးပါက လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ငလျင်‌ဘေးကြုံတွေ့ချိန်တွင် ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်မှုများကို တက်ရောက်လာသည့် ပြည်သူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(မိုင်းရယ် ပြန်/ဆက်)

No comments

Powered by Blogger.