ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ဟောပြော
ပေါင် ဧပြီ ၂၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊
တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက
အမက(ကန်ဖြူ)၌ ပြုလုပ်သည်။
ဦးစွာ သထုံမြို့နယ်သစ်တောဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးတင်ထွန်းက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသံစဉ်မှူးက
Fire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို
ဆွေးနွေးဟောပြောသည်။
ထို့နောက် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်
မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပညာပေး video clip ကိုပြသရာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း
သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments