ဓနုဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာများရွေးချယ်
ဓနုဖြူ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစီမံကိန်းကျေးရွာများ ရွေးချယ်ပွဲ အခမ်းအနားကို ဧပြီ ၂၂ ရက် နံနက် ၉ နာရီက
မြို့နယ်ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးကျော်မိုးလွင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ မန်းရဲသူရိန်ဟန်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က
ဦးစီးဌာနမှ ဆောင်ရွက်ပြီး စီမံကိန်းကျေးရွာများအား ရှင်းလင်းတင်ပြပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်
ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများကို
တာဝန်ရှိသူများက ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)

No comments