ကော့ကရိတ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 


ကော့ကရိတ် ဧပြီ ၂၂

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ပြည်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နေပြည်သူများ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးအတွက် မီးလောင်ပျက်စီး ပျောက်ဆုံးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၂၁ ရက်နံနက်ပိုင်းတွင် အမှတ် (၅) ရပ်ကွက် အောက်တောင်သူစု ဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကော့ကရိတ်ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုဇယားပုံစံ (၁၀)ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ အဟောင်းလဲလှယ်ပေးခြင်း၊ UID ရိုက်ပေးခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေး ခြင်းဖြစ်ပြီး အဆိုပါဆောင်ရွက်နေမှုကို ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.