တရုတ်နိုင်ငံက လ၏ မျက်နှာပြင်ပေါ်တွင် ဖန်လုံအိမ်တည်ဆောက်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်



ပေကျင်း   ဧပြီ   ၂၂

တရုတ်နိုင်ငံမှ အင်ဂျင်နီယာများသည် လ၏မျက်နှာပြင်ပေါ်တွင် ဖန်လုံအိမ်တည်ဆောက်ရန် လိုအပ်သည့် သုတေသနလုပ်ငန်းများကို   ဆောင်ရွက်နေကြောင်း တရုတ်အမျိုးသား  အာကာသ လုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်း အာကာသဆိုင်ရာ အင်ဂျင်နီယာ   ဝမ်ကီအမ်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဧပြီ ၂၁ ရက်က       ပြောကြား သည်။

လကမ္ဘာ မျက်နှာပြင်ဆိုင်ရာ တည်ဆောက်ရေးနည်းပညာများအရ လကမ္ဘာပေါ်တွင်  ရာသီဥတု ပြင်းထန်သည့် ညအချိန်များတွင် စက်ရုပ်လက်တံများနှင့် စက်ရုပ်များ လွယ်ကူစွာသွားလာလှုပ်ရှား လုပ်ငန်းဆောင်ရွက်နိုင်မည့် ဖန်လုံအိမ်တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြား သည်။  Chang’e-6 လစူးစမ်းရေးယာဉ်မှ   ရရှိသည့် နမူနာအစိတ်အပိုင်းများကို လေ့လာ ခြင်းဖြင့်   တရုတ်သိပ္ပံပညာရှင်များသည် အာကာသဆိုင်ရာ သုတေသနလုပ်ငန်းများကို အောင်မြင်စွာ  ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

Chang’e-6 အာကာသယာဉ်သည် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် တရုတ်နိုင်ငံမြောက်ပိုင်းသို့ ဆင်းသက်ခဲ့ပြီး လ၏ အဝေးဆုံးဘက်ခြမ်းမှ နမူနာ ၁၉၃၅ ဒသမ ၃ ဂရမ်ကို    ယူဆောင်လာခဲ့သည်။ ၎င်းဖြစ်ရပ်သည် လူသားသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.