ရွှေဘိုမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ၊ UID ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေး
ရွှေဘို ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ၊ UID ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ထွန်းနိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်တို့က နိုင်ငံသား စိစစ်ရေးကတ်များ၊ UID ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်နေသည့် ပြည်သူများအား ကြည့်ရှုအားပေးသည်။
အဆိုပါကာလအတွင်း ရပ်ကွက်/ကျေးရွာများမှ လာရောက် လုပ်ကိုင်သော ပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် လုံခြုံရေး အစောင့်အရှာက်ရှိသော ပြည်သူများနားနေဆောင်တွင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၂ ရက်အထိ နိုင်-၃(က) ၈၇ ဦး၊ နိုင်-၆(က) ၁၂၁ ဦး စုစုပေါင်း ၂၀၈ ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments