ဇီးကုန်းမြို့နယ်၌ လေဘေးသင့် အိမ်ထောင်စုများအား ပံ့ပိုးငွေများပေးအပ်

 




ဇီးကုန်း ဧပြီ ၁၉


ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ဧပြီ ၁၇ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီသော ပံ့ပိုးငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လင်းသူက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က လေဘေးသင့်အိမ်ထောင်စုများအား ပံ့ပိုးငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လင်းသူနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ပံ့ပိုးကူညီသော ပြိုလဲနေအိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် နေအိမ် ၁၀ လုံးအတွက် ကျပ်သိန်း ၂၀၊ အမိုးလန်ပျက်စီးနေအိမ်တစ်လုံးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် နေအိမ် ၃၇၅ လုံးအတွက် ကျပ် ၁၈၇ သိန်း ၅ သောင်း (စုစုပေါင်းကျပ် ၂၀၇ သိန်း ၅ သောင်း)ကို လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


တင့်ဆွေ(ပြန်/ဆက်)

No comments

Powered by Blogger.