မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
မြင်းခြံ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြင်းခြံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင် များ၊ မြင်းခြံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်း၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၂ ရက်အထိ ၂၃ ရက်ကြာ သင်တန်းနည်းပြ ၅ ဦးဖြင့် သင်တန်းသား ဆရာ/ ဆရာမ စုစုပေါင်း ၁၀၀ ဦးအား သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)

No comments