ဂျပန်နိုင်ငံက အာရှနိုင်ငံများအား စွမ်းအင်ထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ပံ့ပိုးပေးမည်
တိုကျို ဧပြီ ၁၅
ဂျပန်ဝန်ကြီးချုပ်
တာခိုင်ချီဆာနေးက အာရှနိုင်ငံများအား စွမ်းအင်ထောက်ပံ့ပေးရန်အတွက် အမေရိကန် ဒေါ်လာ
၁၀ ဘီလီယံခန့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ယနေ့ပြောကြားခဲ့သည်။
တာခိုင်ချီ ဆာနေးက
ဧပြီ ၁၅ ရက်တွင် ကျင်းပသည့် Asia Zero Emission Community plus (AZEC plus) အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် အဆိုပါ အစီအစဉ်ကို
ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမူဘောင်တွင်
ဂျပန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ပါဝင်သည်။ ဟော်မုဇ်ရေလက်ကြား၌
ရေကြောင်းသွားလာရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့ကြား
တင်းမာမှုများရှိနေချိန်တွင် ဂျပန်အစိုးရက ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။
ငွေကြေးအကူအညီများကို
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဘဏ်နှင့် အခြားဘဏ္ဍာရေး အဖွဲ့အစည်းများမှတစ်ဆင့်
ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ ပဏာမ ရည်ရွယ်ချက်မှာ အမေရိကန်နှင့်
အခြားရင်းမြစ်များမှ ရေနံစိမ်းဝယ်ယူရာတွင် အာရှနိုင်ငံများအနေဖြင့် ချောမွေ့စွာ
ဝယ်ယူနိုင်ရန် ပံ့ပိုးကူညီခြင်းဖြစ်သည်။
ထို့ပြင်
ဆေးဘက်ဆိုင်ရာ လက်အိတ်များနှင့် ကျောက်ကပ်ဆေးရာတွင် အသုံးပြုသော ပလတ်စတစ် ပစ္စည်းများကဲ့သို့သော
ထုတ်ကုန်များအတွက် အာရှတစ်ဝန်းရှိ ကုန်ထုတ်လုပ်သည့်နေရာများကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်
ရည်ရွယ်ကြောင်း သိရသည်။
အာရှရှိ
ရေနံသိုလှောင်မှုအားလုံးကို မြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံမှ အသုံးပြုနေသော
ရေနံသိုလှောင်မှုနှင့် ထုတ်လွှတ်သည့်စနစ်များကို မိတ်ဆက်ရန်နှင့်
အာရှနိုင်ငံများအား ပံ့ပိုးကူညီမည့် အစီအစဉ်ကို ထုတ်ဖော်ပြသရန်လည်း
ဂျပန်ဝန်ကြီးချုပ် တာခိုင်ချီဆာနေးက ပြောကြားခဲ့သည်။
ကိုးကား -
အင်န်အိတ်ချ်ကေ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments