အုတ်တွင်းမြို့နယ်၌ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ
အုတ်တွင်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင်
၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေများအား
စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဗောဓိကုန်းကျောင်းတိုက်ရှိ
ဝိဇ္ဇာသမိဒ္ဓိ မဟာရွှေကံသာ ကျောင်းတော်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်စီမံခန့်ခွဲ
ရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂) ဦးတင်ယုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် အစိုးရ ဓမ္မာစရိယကျမ်း
သုံးကျမ်း အောင်မြင်သော သံဃာတော်နှစ်ပါး၊ ကျမ်းနှစ်ကျမ်း အောင်မြင်သော သံဃာတော်ခုနစ်ပါး၊
ကျမ်းတစ်ကျမ်းအောင်မြင်သော သံဃာတော်ခြောက်ပါး၊ သာမဏေ ပထမ လတ်တန်းငါးပါး၊ သာမဏေ ပထမငယ်တန်းလေးပါး
အခြေပြု မူလတန်းခြောက်ပါး စုစုပေါင်း စာအောင်သံဃာတော် အပါး ၃၀ တို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အလှူရှင်များက စာအောင်လက်မှတ်၊ စာအောင်ဆုများနှင့်
နဝကမ္မစုစုပေါင်း ငွေကျပ် ၈၀၇၅၀၀၀ တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments