ပေါင်မြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲကျင်းပ
ပေါင် ဧပြီ ၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ နိုင်ငံတော်ကချီးမြှင့်သည့်
ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော
စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို
ဘုရားကန်တော့ ဖွင့်လှစ်ပေးကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ
ဘဒ္ဒန္တစန္ဒောဘာသထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးထင်လင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က ဘွဲ့တံဆိပ်တော်များနှင့်
နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်နှင့် သီလရှင် စုစုပေါင်း
၇၆ ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဆုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ
အမျှပေးဝေကာ ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြောင်း
သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments