အိပ်နေစဉ် အသက်ရှူရပ်ခြင်းနှင့် နှလုံးရောဂါ ဆက်စပ်ကြောင်း တွေ့ရှိ

 




ကင်ဘာရာ ဧပြီ ၇


ညအချိန် အိပ်နေစဉ် အသက်ရှူရပ်တန့် တတ်သူများသည် နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောများ အလုပ်မလုပ်ခြင်းတို့ကို ခံစားရနိုင်ခြေ ၃၀ ရာခိုင်နှုန်းပိုမိုများပြားကြောင်း ဩစတြေးလျ ကျွမ်းကျင်သူများ၏ လေ့လာချက်အရ သိရသည်။ အိပ်နေစဉ် အသက်ရှူခက်ခဲသည့် သူများသည် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ ဖလင်းဒါး တက္ကသိုလ်မှ ဧပြီ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။


ကမ္ဘာပေါ်ရှိ လူသားသန်းပေါင်းများစွာသည် အိပ်နေစဉ် အသက်ရှူခက်ခဲသည့် ပြဿနာများကို ရင်ဆိုင်နေရပြီး ၎င်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သိရသည်။


အရွယ်ရောက်ပြီးသူ ၃၀၀၀ ၏ အိပ်ရာအောက်တွင် ဆင်ဆာများ ထားရှိလေ့လာခဲ့ရာမှ ယခုအချက်အလက်များကို တွေ့ရှိခြင်းဖြစ်သည်။ အိပ်နေစဉ် အသက်ရှူရပ်ခြင်းသည် နှလုံးအပေါ် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေကြောင်း ဖလင်းဒါးဆေးသုတေသန အင်စတီကျု တာဝန်ရှိသူ ဗက်စတိန် လပ်ချပ်က ပြောကြားသည်။ အိပ်နေစဉ် အသက်ရှူရပ်ခြင်းနှင့် ဟောက်ခြင်းတို့သည် နှလုံးသွေးကြောရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.