ရပ်စောက်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော် ဧပြီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်ရှိ
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ် အောင်ဆန်းခန်းမ၌
ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့်
အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)ဌာနချုပ် တွဲဖက်အတွင်းရေးမှူးနှင့်
တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို) ဌာနချုပ် တွဲဖက်အတွင်းရေးမှူးက
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းမှူးက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ချီးမြှင့်ငွေနှင့်
စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား
တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments