“လမြတ်ကဆုန်” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
နေပြည်တော် ဧပြီ ၂၃
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်
ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday
Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ဧပြီ ၂၄ ရက်
(သောကြာနေ့) ညချမ်းတွင် “လမြတ်ကဆုန်” တေးဂီတဖျော်ဖြေပွဲကို
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
“လမြတ်ကဆုန်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏
တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် အလင်္ကာကျော်စွာ သန်းမြတ်စိုး၊
ရသ၊ ဇေယျာအောင်စိုးမိုး၊ စဝ်ဝဏ္ဏကျော်စွာ၊ ရဲရင့်ဝေလွင်၊ ချိုမီမီဇော်၊ နှင်းဝတ်ရည်၊
ထက်ထက်စိုးစံ၊ အိမွန်ဇင်နှင့် အေးသဇင်တို့က လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင်
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပမည့် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်
အထိမ်းအမှတ်နှင့် နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် ကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားများကို
ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဓမ္မပူဇာ တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၏
MRTV-HD Channelနှင့် MRTV Entertainment Channel တို့မှ ဧပြီ ၂၄ ရက် (သောကြာနေ့) ည
၉ နာရီခန့်တွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV
Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertainment
Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် ဧပြီ ၂၆ ရက် (တနင်္ဂနွေနေ့)
နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments