လသာမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်

 


လသာ ဧပြီ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

 

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနု‌အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးစိုးနိုင်က သင်ကြားပို့ချမည့် ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၅ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီ ၂၃ရက်မှ မေ ၂၉ ရက် အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.