ဖြူးမြို့နယ်၌ ကြံစိုက်ခင်းများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ကွင်းသရုပ်ပြ
ဖြူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် ကြံစိုက်ပျိုးရာသီ ကြံစိုက်ခင်းများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး၊ ကြံမျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးအတွက် ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲကို ဧပြီ ၅ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ကြံသီးနှံခြံတာဝန်ခံများ၊ ဆင်ဖြူတော်သကြားစက်မှ တာဝန်ရှိသူများ၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်တောင်သူများက မိုးစိုက်မျိုးကြံ သက်နုမျိုးစိုက်ခင်း ဆောင်ရွက်ထားရှိမှု၊ ကြံသီးနှံ အစက်ချရေပေးသွင်းနည်းစနစ်ဖြင့် ရေသွင်းနိုင်မှုများ၊ မြေသြဇာထည့်သွင်း ဆောင်ရွက်မှုများကို ရှင်းလင်းပြသခြင်း၊ လေ့လာအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)

No comments