ကြို့ပင်ကောက်မြို့နယ်၌ စက်သုံးဆီများအား QR Code စနစ်ဖြင့် စနစ်တကျရောင်းချမှုရှိ မရှိ ကွင်းဆင်းစစ်ဆေး



ကြို့ပင်ကောက် ဧပြီ ၆


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများအား QR Code စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဧပြီ ၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောမောင်ဗွေနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်း၍ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီများ ရောက်ရှိ/ ဖြန့်ဖြူးမှု စာရင်းများအားစစ်ဆေးခဲ့သည်။ ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ ညွှန်ကြားချက်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ် ရည်ညွှန်း ဈေးအတိုင်းရောင်းချစေရေး၊ ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန် ပေပါခွံများ၊ ဆီထည့်ပုံးအလွတ်များဖြင့် ရောင်းချမှုမရှိစေရေးတို့ကို အသိပေးမှာကြားပြီး QR Code စနစ်ဖြင့် စက်သုံးဆီရောင်းချ‌နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဥ်တန်းစီပိတ်ဆို့မှု၊ ထူးခြားမှု မရှိဘဲ ပုံမှန်အတိုင်း နေ့စဉ်ရောင်းချလျက်ရှိကြောင်းသိ ရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)

No comments

Powered by Blogger.