ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်းဝက်သက်ရောဂါဖြစ်ပွားမှုအရေအတွက် ယခင်နှစ်ကထက်မြင့်တက်မှုရှိ



ဧပြီ ၂၁

ဂျပန်နိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ခုနှစ်မှစတင်ကာ ဝက်သက်ရောဂါဖြစ်ပွားမှုများ တိုးပွားလာလျက်ရှိရာ ယခုနှစ်တွင် ယင်းရောဂါဖြစ်ပွားမှုအရေအတွက်သည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားမှုထက် ကျော်လွန်သွားခဲ့သည်ဟု သိရသည်။

ဂျပန်ကျန်းမာရေးလုံခြုံရေးအင်စတီကျုက ဧပြီလ ၁၂ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူ  ၅၆  ဦးရှိကြောင်း ကနဦးဖော်ပြထားသည်။  ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူပေါင်း ၂၉၉ ဦးရှိပြီး ပြီးခဲ့သည့်နှစ်က  ရောဂါဖြစ်ပွားသူဦးရေ ၂၆၅ ဦးထက် ပိုမိုမြင့်တက်ခဲ့သည်။

လူနာဦးရေ ၃၀ သို့မဟုတ် လူနာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သည် အင်ဒိုနီးရှားနှင့် နယူးဇီလန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင်  ကူးစက်ခံရသည်ဟု ယူဆရသည်။

ဝက်သက်ရောဂါသည် လေမှတစ်ဆင့် အလွန်ကူးစက်တတ်သောရောဂါတစ်ခုဖြစ်ပြီး ရေစက်များနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုများမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ ရောဂါဖြစ်ပွားမှုပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည်။

ထိုရောဂါလက္ခဏာများတွင် အဖုအပိမ့်များ၊ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ပါဝင်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.