ရန်ကင်းမြို့နယ်၌ ရန်ကင်းပိတောက်ရေသဘင်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ



ရန်ကင်း ဧပြီ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ ရန်ကင်းပိတောက်ရွှေဝါ ရေသဘင်မဏ္ဍပ် လမ်းလျှောက် သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက် ရန်အောင်(၆)လမ်းထိပ် ရန်ကင်းပိတောက် ရေသဘင်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ရန်ကင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) နှင့် မြို့မိမြို့ဖတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရန်ကင်း ပိတောက်ရေသဘင်မဏ္ဍပ် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး ယိမ်းအကအလှများ၊ ခေတ်ပေါ် တေးဂီတများနှင့် ဖျော်ဖြေခြင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.