ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေးကစားသူများ စည်ကားများပြား
ပြည် ဧပြီ ၁၄
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် (အကျနေ့) ယနေ့နံနက်ပိုင်းတွင် ပြည်မြို့
ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ဗဟိုမဏ္ဍပ်၌ ရေကစားသူများအား တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြမှုများ၊
ဌာနဆိုင်ရာနှင့် မြို့ပေါ် ရပ်ကွက်များမှ
ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ အဖွဲ့လိုက်ကပြဖျော်ဖြေမှုများအပါအဝင် မုန့်လုံးရေပေါ်နှင့်
ကျောက်ကျော ရွှေရင်အေး
အစရှိသည့် ရိုးရာအစားအစာများ ဖြင့် စတုဒိသာဧည့်ခံကျွေးမွေးကြသည်။
အလားတူ ပြည်မြို့လမ်းလျှောက်သင်္ကြန်၌ လာရောက်ရေကစားသူများအား
မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်မှ သနပ်ခါး လိမ်းကျံပေးခြင်း၊ လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များကျွေးမွေးဧည့်ခံခြင်းတို့ဖြင့်
လမ်းလျှောက်သင်္ကြန်အား တစ်မူထူးခြားစွာ ကျင်းပဆင်နွှဲလျက်ရှိပြီး ယနေ့မဟာသင်္ကြန် (အကျနေ့) တွင် ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့်
အထူးစည်ကားများပြားလျက်ရှိကာ ရေကစားသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအပါအဝင် ဘေးအန္တရာယ်ကင်းရှင်းပြီး
အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် တာဝန်ရှိသူများက
လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)
No comments