အိန္ဒိယနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ဘွိုင်လာပေါက်ကွဲမှုဖြစ်
နယူးဒေလီ ဧပြီ ၁၄
အိန္ဒိယနိုင်ငံ
ချာတစ်ဂက်ပြည်နယ်၌ တည်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံတွင် ဧပြီ ၁၄ ရက်က
ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ခဲ့ရာ အနည်း ဆုံး ၁၀ ဦးသေဆုံးပြီး ၄၀ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသန္တရမီဒီယာကပြောကြားသည်။
ချာတစ်ဂက် ပြည်နယ် အရှေ့မြောက်ပိုင်း ၂၂၈ ကီလိုမီတာ အကွာရှိ ဆက်တီခရိုင်
ဆင်ဟီတာယီရွာရှိ ဗီဒန်တာလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။ အလုပ်သမားအချို့ ပိတ်မိနေကြောင်း သိရသည်။
ဒဏ်ရာရရှိသူများသည်
စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးသတ်၊
အရေးပေါ်ကယ်ဆယ်ရေးနှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများသည် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည်။ အလုပ်သမားများ
နေ့လယ်စာ စားသောက်သည့်အချိန် မွန်းလွဲ ၂ နာရီခွဲတွင် ယခုဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်။
မီးခိုးလုံးများတက်လာသည်ကို ရုပ်မြင်သံကြားများမှ ထုတ်လွှင့် ပြသခဲ့သည်။
အိန္ဒိယနိုင်ငံတွင် စက်ရုံလုပ်ငန်းဆောင်ရွက်သူများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး
စည်းမျဉ်းများ လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments