လှိုင်သာယာမြို့နယ်၌ မိသားစုဝင်‌ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

 


ရန်ကုန် ဧပြီ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရက် ၁၀၀ အတွင်း လုပ်ငန်းရှင် ၁၀၀ ပေါ်ထွက်လာ‌ရေး စီမံချက်အဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၂)ရပ်ကွက် လှိုင်သာယာမြို့နယ် မေတ္တာသီတဂူမိန်းကလေး(ပရဟိတ) သီလရှင်ကျောင်းတိုက်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက အမှာစကားပြောကြားပြီး သင်တန်းသုံးပစ္စည်းများကို သင်တန်းသူတစ်ဦးအား လွှဲပြောင်းပေးအပ်သည်။

 

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ဧပြီ ၂၂ ရက်မှ ဇွန် ၂၂ ရက်ထိ စက်ချုပ် နည်းပညာဘာသာရပ် ၁၀ မျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.