သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

 


သထုံ ဧပြီ ၂၃

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေး

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေထုံခင်သီတာလှိုင်က စာပေရေးရာများကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များ၊ မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက စာရေးဆရာ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.