မှော်ဘီမြို့နယ်၌ နှစ်ဦးအထူးတရားပွဲကျင်းပ
ရန်ကုန် ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရွှေမော်တင်စေတီတော်ဂေါပကအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု ၄၃ အုပ်စုမှ အုပ်ချုပ်ရေးမှူးများက ကြီးမှူးကျင်းပသော(စတုတ္ထ)အကြိမ်မြောက် နှစ်ဦးအထူးတရားပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးနှစ်ဆန်း ၂ ရက် ည ၇ နာရီတွင် ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ဝတ္တကမြေ၌ ကျင်းပသည်။
အဆိုပါတရားပွဲတွင် ကိုးလုံးကွင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဆရာတော် ဘဒ္ဒန္တဃောသိတ သာသနဓဇ အစိုးရဓမ္မာစရိယ မဟာ ဂန္ထဝါစကပဏ္ဍိတ၊ မှော်ဘီမြို့နယ် သံဃနာယကဥက္ကဋ္ဌ တိုင်းသံဃ ဝန်ဆောင်က သူ့ကိုမုန်းလျှင် ကိုယ်ရှုံးတယ်ဟူသော အထူးတရား တော်အား ဟောကြားခဲ့သည်။
ရေစက်ချတရားနာကြား
မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဦးတရားတော် ဟောကြားပေးသည့် ဆရာတော်ဘဒ္ဒန္တဃောသိတ သာသနဓဇ အစိုးရဓမ္မာစရိယ မဟာဂန္ထ ဝါစကပဏ္ဍိတ၊ မှော်ဘီမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ အဖွဲ့ဝင် ဗိုလ်မှူးပြည်စုံကျော်၊ အဖွဲ့ဝင် ဦးဝင်းစိုးနှင့် အလှူရှင် ခုနစ်ရက်သားသမီးများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားနာကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
.jpg)
No comments