ဟားခါးမြို့၌ မူလတန်းပြ ဆရာ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်
နေပြည်တော် ဧပြီ ၂၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချင်းပြည်နယ်ရှိ
အခြေခံပညာ မူလတန်းပြ ဆရာ ဆရာမများ အရည်အသွေးတိုးတက်မှု မြှင့်တင်ရေး (Main Course)
သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမ၌
ကျင်းပသည်။
အမှာစကားပြောကြား
ဖွင့်ပွဲတွင် ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး
ဦးစိန်ထွန်းလှက အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် ပညာရေးမှူးရုံးမှ
ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းက သင်တန်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဟားခါးတက္ကသိုလ်
ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက Main Course နှင့် ပတ်သက်သည့် အခြေခံလိုအပ်ချက်များကို
လည်းကောင်း ပြောကြားသည်။ အဆိုပါသင်တန်းကို ဟားခါးတက္ကသိုလ် (အင်္ဂလိပ်စာဌာန)မှ ကထိက(ဌာနမှူး)နှင့်
ချင်းပြည်နယ် ဟားခါးမြို့ အထက(၁)နှင့် အထက(၂)တို့မှ သင်တန်းနည်းပြ နှစ်ဦးတို့က ဦးဆောင်ပို့ချမည်ဖြစ်ပြီး
သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၂ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။
သင်တန်းသို့ ဟားခါးမြို့ရှိ မူလတန်းပြ
ဆရာ ဆရာမ ၇၆ ဦး တက်ရောက်ကြပြီး တီးတိန်မြို့မှ မူလတန်းပြ ဆရာ ဆရာမ ၅၅ ဦးတို့က အွန်လိုင်းဖြင့်
ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments