အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်

 




ပုသိမ် ဧပြီ ၂၀


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာရှိ ကျွန်းခြားကျောင်းတိုက်ဓမ္မာရုံ၌ ဆောင်ရွက်သည်။


ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး ဦးဆောင်သော မြို့နယ်အဆင့်ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းအဖွဲ့က မြေငှားဂရန်လျှောက်ထားခွင့်ရှိသူများ၊ ကျေးရွာမြေအား မြေငှားဂရန် လျှောက်ထားရန် ကနဦးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစသည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားမည့် မြေနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကျော်ဟိန်း(ပြန်/ဆက်)

No comments

Powered by Blogger.