မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်
မိတ္ထီလာ ဧပြီ ၂ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့
မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ဝန်ဇင်းခန်းမ၌ ကျင်းပသည်။
ဖွင့်လှစ်ပို့ချ
အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ ဘဟန်က အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင် ပညာရေးမှူး ဒေါ်မော်မော်က သင်တန်းနှင့်သက်ဆိုင်သော
လိုက်နာရန် စည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို ဧပြီ
၂ဝ ရက်မှ မေ ၂၂ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments