မန္တလေးတိုင်းဒေသကြီးအဆင့် မူလတန်းပြ ဆရာ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်

 


မန္တလေး ဧပြီ ၂၀

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးက ကြီးမှူးကာ မူလတန်းပြဆရာ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲကို ချမ်းအေးသာစံမြို့နယ် လေ့ကျင့်ရေး(အလက)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက အမှာစကားပြောကြားပြီး မဟာအောင်မြေခရိုင်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားရွှေက အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ၂၂ ရက်အထိ သင်တန်းနည်းပြဆရာ ဆရာမ ခုနစ်ဦးက သင်ကြားပို့ချသွားမည်ဖြစ်ပြီး မူလတန်းပြ သင်တန်းသားဆရာ ဆရာမ ၁၅၀ တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)

No comments

Powered by Blogger.