နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြ
ရန်ကုန် ဧပြီ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့နှင့် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကတိသစ္စာပြုခြင်း အခမ်းအနားတို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ မိန့်ခွန်းအပေါ် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments