မိုင်းရယ်မြို့၌ ရှမ်းရိုးရာ သင်္ကြန်အလှူပွဲ ကျင်းပ
မိုင်းရယ် ဧပြီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့
မြောက်မြိုကျောင်းတိုက် (နောင်မိုကျောင်း)တွင် နှစ်စဉ်ပြုလုပ်သည့် ရှမ်းရိုးရာသင်္ကြန်အလှူပွဲကို
ယနေ့မွန်းလွဲ ၁ နာရီကကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ
(ဇိနမာရ်အောင်ကျောင်းတိုက်)နှင့် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ သုနန္ဒ (ဟိုဝိန်းကျောင်းတိုက်)တို့အမှူးပြုသော
ပင့်သံဃာတော် ကိုးပါး၊ မြောက်မြိုကျောင်း (နောင်မို ကျောင်း) ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးနှင့်
အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် နားဖျိုင်းကျေးရွာအုပ်စုအတွင်းရှိ
နားဖျိုင်း၊ နားအော်၊ မန်နောင်၊ ပိန်းနင်ကျေးရွာတိုမှ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ ရှမ်းရိုးရာသင်္ကြန်အလှူပွဲတွင်
မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ အမှူးပြုသော ပင့်သံဃာတော်များနှင့်
တက်ရောက်လာကြသောလူပုဂ္ဂိုလ်များမှ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍
အခမ်းအနားဖွင့်လှစ်ပြီး လူပရိသတ်များက ဆိုင်မိန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ
(ပြည်နယ်သံဃနာယက အဖွဲ့ဝင် မဟာသဒ္ဒမ္မဇောတိကဓဇ) ထံမှ သရဏဂုဏ်သုံးပါးနှင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊
ဆရာတော်/ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ မြောက်မြိုကျောင်း
(နောင်မိုကျောင်း) ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက
ဆရာတော်/ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments