ကံမမြို့နယ်စည်ပင်သာယာစျေး မီးဘေးကြိုတင်ကာကွယ်ရေး နှိုးဆော်သတိပေး
ကံမ ဧပြီ ၂၆
သရက်ခရိုင်မီးသတ်ဦးစီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့်
ကံမမြို့နယ်စည်ပင်သာယာစျေးအတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ
အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
နှိုးဆော်သတိပေး
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆
ရက်တွင် ကံမမြို့စည်ပင် သာယာစျေးအတွင်း တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊
သယ်ယူရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန်နှင့် လျှပ်စစ်မီးသွယ်တန်းအသုံးပြုခြင်းမှ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက်
လိုက်လံစစ်ဆေး နှိုးဆော်သတိပေးခြင်းများအား ကံမမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦး၊ ကံမမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး
ဦးရဲညွန့်၊ စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်လှိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးထွန်းလွင်တို့လိုက်ပါ၍
မီးဘေးသတိမူရေးနှိုးဆော်သတိပေးခြင်းအား လိုက်လံသတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ပြီး ရှေးဦးမီးငြှိမ်းသတ်ရေး
ပစ္စည်းကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား၊ မီးသတ်ဆေးဘူးများ အသင့်ချိတ်ဆွဲထားရှိရန်၊
လောင်စာအမှိုက်များ စုပုံထားရှိခြင်း၊ အမှိုက်မီးရှို့ခြင်းများ မပြုလုပ်ရန်၊ လူအစောင့်မရှိဘဲ
မီးဖိုမီးသုံးစွဲခြင်း မပြုလုပ်ရန်၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းအသုံးပြုရန်စသည့်
မီးဘေးသတိမူရေးဆိုင်ရာ အကြံပြုချက်များအား နှိုးဆော်သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောင်းစစ်နိုင်

No comments