တွံတေးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
တွံတေး ဧပြီ ၂၆
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်အတွင်းရှိ
နေအိမ်များသို့ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို
ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွှေဆံတော်ရပ်ကွက်အတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်းလိုက်လံ၍
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး
မီးလောင်မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးသတ်တယ်လီဖုန်း နံပါတ်များဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်၊၊
မျိုးလှိုင်(တွံတေး)

No comments