ဗီယက်နမ်နိုင်ငံ၌ ပထမသုံးလပတ်အတွင်းလေကြောင်းခရီးသွား ၂၄ ဒသမ ၁ သန်းအထိ မြင့်တက်လာ
ဧပြီ ၂၁
ဗီယက်နမ်နိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း လေကြောင်းခရီးသွား ၂၄ ဒသမ ၁ သန်းအထိ မြင့်တက်လာရာ ယခင်နှစ်က လေကြောင်းခရီးသွားဦးရေထက် ၁၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
ပြည်တွင်းခရီးသွားအရေအတွက် ၁၀ ဒသမ ၂ သန်းအထိ ရှိလာကာ ၁၂ ရာခိုင်နှုန်း မြင့်တက်လာပြီး နိုင်ငံတကာခရီးသွားလာမှု ၁၃ ဒသမ ၉ သန်းအထိ ရှိရာ ၁၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့၏ အစီရင်ခံစာကို ကိုးကားဖော်ပြထားသည်။
အဆိုပါလေကြောင်းခရီးသွားတိုးတက်မှုသည် တရုတ်၊ တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံကဲ့သို့သော နိုင်ငံများမှခရီးသွားလာမှုများပြားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်လေကြောင်းလိုင်းများသည် နွေရာသီမတိုင်မီ မြင့်တက်လာသော ခရီးသွားလာမှု လေယာဉ်အုပ်စုစွမ်းရည်ကို မြှင့်တင်လျက်ရှိပြီး နိုင်ငံတကာကွန်ရက်များကို တိုးချဲ့လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments