မကွေးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
မကွေး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့
မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင်ကိုကို တက်ရောက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ညွှန်ကြားရေးမှူးက မကွေးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ(နှစ်ကုန်
ခန့်မှန်းခြေ) စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့်
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုမှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)

No comments