ညောင်ဦးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းမပေါ် သစ်ပင်များလဲကျပိတ်ဆို့နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်းလင်း
ညောင်ဦး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်
ဧပြီ ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပုဂံမြို့ဟောင်းသွား ကားလမ်းမပေါ် သစ်ပင်များလဲကျပြီး
လမ်းပိတ်ဆို့ခဲ့သဖြင့် ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းစွာ
သွားလာနိုင်ရေးအတွက် ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ဦးမြို့
အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက် ရွှေလိပ်တူး ဘုရားအနီး ပုဂံမြို့ဟောင်းသွား ကားလမ်းမပေါ်နှင့်
အမှတ်(၅) စည်ပင်သာရပ်ကွက် ရွှေစည်းခုံ ဘုရားတောင်ဘက် စောင်းတန်းထိပ်အနီး ကားလမ်းတွင်
သက်တမ်းရင့် ထနောင်းပင်များ လဲကျခဲ့ရာ လမ်းပိတ်ဆို့ခဲ့သဖြင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး
ဦးမင်းသိမ်းထွန်း ဦးဆောင်သော ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ခုတ်ထွင်
ရှင်းလင်းဆောင်ရွက်ပေးသည်။
အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ဦးမြို့
အမှတ်(၅) သိကြားရပ်ကွက်ရှိ နေအိမ် တစ်လုံးပေါ်သို့ ထနောင်းပင်လဲကျနေမှုကို ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း
သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments