မိုးကုတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

 


မိုးကုတ် ဧပြီ ၂၆

 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ရှောလီဝိုင်းရပ်ကွက် ပိတ်စွယ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ပြုလုပ်သည်။

 

ထိုသို့ ဆောင်ရွက်ပေးနေမှုကို နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး လှဇော်ဦး၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သက်ထွဋ်ဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပါပါလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သတ်မှတ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ကွင်းဆင်းဆောင်ရွက်ပေး

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ယင်းနေ့တွင် ဒေသခံပြည်သူ စုစုပေါင်း ၇၀ အား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.