ကျိုက်မရောမြို့နယ်၌ စားသုံးရန်မသင့်သော စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း
ကျိုက်မရော ဧပြီ ၂၆
ကျိုက်မရောမြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း
စားသုံးရန် မသင့်သော အစားအသောက်၊ အမှတ်တံဆိပ်မပါသော စားသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်းရောင်းချခြင်းမရှိစေရန်
ယနေ့နံနက်ပိုင်းတွင် မြို့မစျေးကြီးအတွင်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန
တာဝန်ခံဦးစီးမှူး ဦးမင်းနောင် ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
အမှုဆောင်အရာရှိ ဦးစိုးလွင်၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ပူးပေါင်းအဖွဲ့များက စျေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များ၊
ကုန်စုံဆိုင်များတွင် စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော တာရှည်ခံဆိုးဆေးများ၊
ဓာတုပစ္စည်းများပါဝင်သည့် အစားအသောက်များ၊ တားမြစ်ထားသည့် အလှကုန်ပစ္စည်းများ စျေးကွက်တွင်းရောင်းချခြင်းမရှိစေရန်
ပညာပေးခြင်း၊ စားသုံးကုန်ပစ္စည်းများတွင် အမှတ်အသားတံဆိပ်များကပ်၍ ရောင်းချရန်နှင့်
ညွှန်ကြားချက်နှင့် မကိုက်ညီသောပစ္စည်းများ ရောင်းချပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments