အမေရိကန်အစိုးရက ကာကွယ်ရေးအသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်းကျော်တိုးမြှင့်ရန် ကြိုးပမ်း
ဝါရှင်တန် ဧပြီ
၅
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အစိုးရအဖွဲ့က
အောက်တိုဘာလတွင် စတင်မည့် ဘဏ္ဍာရေးနှစ် အတွက်
ကာကွယ်ရေးအသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိကြောင်း
သိရသည်။
စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံးက
၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အဆိုပြုချက်၏ အကြမ်းဖျင်း ဖော်ပြချက်ကို ဧပြီ ၃ ရက်တွင်
ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံပါဝင်ကြောင်း သိရသည်။
၎င်းသည် နိုင်ငံ၏သမိုင်းတွင်
အကြီးမားဆုံး ကာကွယ်ရေးအသုံးစရိတ်ဖြစ်လာမည်ဟု အမေရိကန် မီဒီယာများက သတင်းဖော်ပြသည်။
သမ္မတထရမ့် ထောက်ခံအားပေးသည့် “တပ်မတော်အင်အားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း”
မူဝါဒကို မြှင့်တင်ရန်နှင့် အမေရိကန်သည် “ကမ္ဘာ့အာဏာအရှိဆုံးနှင့် စွမ်းရည်အရှိ ဆုံးတပ်မတော်ကို
ဆက်လက်ထိန်းသိမ်းထားရန်အတွက် ယခုကဲ့သို့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ခြင်းဖြစ်
ကြောင်း ထရမ့်အစိုးရက ပြောကြားခဲ့သည်။
ထို့ပြင် မျိုးဆက်သစ်ဒုံးကျည်ကာကွယ်ရေးစနစ်(Golden
Dome) အတွက် အသုံးစရိတ်နှင့် Trump-class စစ်သင်္ဘောများ တည်ဆောက်ရေးအတွက်လည်း ပါဝင်ကြောင်း သိရသည်။
ကွန်ဂရက်က အတည်ပြုပါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း
ပထမဆုံး အမေရိကန်စစ်သင်္ဘော တည်ဆောက်မှုလုပ်ငန်းစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ရေးစရိတ်တောင်းခံမှုကို
ကွန်ဂရက်သို့ တင်ပြမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း
သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments