ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်မှုကြောင့် ၁၂ ဦး သေဆုံး



ဧပြီ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နေရာအနှံ့အပြားတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းချိန် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။


အဆိုပါမိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူအများစုသည် ၎င်းတို့၏လယ်ယာမြေတွင် အလုပ်လုပ်ကိုင်နေသော ကျေးလက်ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


လူဦးရေထူထပ်သောနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာသီဥတုခြောက်သွေ့သောရာသီမှ မိုးရာသီသို့ ပြောင်းလဲနေချိန်တွင် မိုးကြိုးပစ်မှုအဖြစ်များလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.