မွန်ဂိုးလီးယားနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၁၇ ဦးရှိလာ



ဧပြီ ၇

မွန်ဂိုးလီးယားနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့်သေဆုံးမှုနှုန်းသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးမှု နှစ်ခု ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူဦးရေ ၁၇ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားကူးစက်ရောဂါဗဟိုဌာန (NCCD) က ယမန်နေ့က ပြောကြားခဲ့သည်။

ဝက်သက်ရောဂါဖြစ်ပွားမှုအသစ် နှစ်ခုကိုလည်း အတည်ပြုခဲ့ပြီး လက်ရှိဖြစ်ပွားမှုကို ၄၀၇ ရက်အကြာတွင် ကြေညာခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် စုစုပေါင်းရောဂါကူးစက်သူ ၁၄၅၆၂ ဦးအထိ ရှိလာခဲ့သည်။

ကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ချစ်ရသူများကို ကာကွယ်ရန်အတွက် ဝက်သက်ကာကွယ်ဆေးထိုးရန် အင်န်စီစီဒီက တိုက်တွန်းထားသည်။

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အစက်အပြောက်များနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်သည်။

အဖြစ်များသော ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်လုံးများရောင်ရမ်းခြင်းတို့ပါဝင်ပြီး ထိုကာကွယ်ဆေးထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ကာကွယ်နိုင်သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.