အမေရိကန်အခွန်စည်းကြပ်မှုနောက်ဆက်တွဲအဖြစ် တောင်ကိုရီးယားအခြေစိုက် ဟွန်ဒဲ၏ ရောင်းအား ကျဆင်း
ဆိုးလ် ဧပြီ
၂၃
အမေရိကန်၏ အခွန်စည်းကြပ်မှု
နောက်ဆက်တွဲအဖြစ် တောင် ကိုရီးယား၏ အကြီးမားဆုံး
ကား ထုတ်လုပ်သူ ဟွန်ဒဲမော်တာ ကုမ္ပဏီ၏ ယခုနှစ် ပထမသုံးလပတ်လုပ်ငန်းလည်ပတ်မှုအမြတ် ငွေမှာ နှစ်ဆခန့်
ကျဆင်းသွားကြောင်း ဧပြီ ၂၃ ရက်တွင်
ထုတ်ပြန်ခဲ့သည်။
ဟွန်ဒဲကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအမြတ်သည်
ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၂၆
ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလတာကာလအတွင်း ဝမ် ၂ ဒသမ ၅၁ ထရီလီယံ (အမေရိကန်ဒေါ်လာ
၁ ဒသမ ၇ ဘီလီယံ) သာ ရရှိခဲ့သည်။
Hybrid မော်ဒယ်များ၏ ရောင်းအား ကောင်းမွန်နေသော် လည်း အမေရိကန်အခွန်စည်းကြပ်မှု၏ သက်ရောက်မှုကြောင့် အမြတ်လျော့နည်းခဲ့ရကြောင်း
ကုမ္ပဏီဘက်မှ ထပ်လောင်းပြောကြား ခဲ့သည်။ သုံးလတာအတွင်း ဟွန်ဒဲမှ ကမ္ဘာတစ်ဝန်းတွင် ကားအစီးရေ ၉၇၆၂၁၉
စီး ရောင်းချ နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅
ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းမှာ ပထဝီနိုင်ငံရေး
မရေရာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကားဝယ်လိုအား လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ၁၅၉၀၆၆
စီးသာ ရောင်းရမှုရှိခဲ့ ပြီး ၄ ဒသမ
၄ ရာခိုင်နှုန်း ကျဆင်း သွားသကဲ့သို့ ပြည်ပဈေးကွက်တွင်လည်း ရောင်းအား ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ
၈၁၇၁၅၃ စီးသာ ရောင်းချနိုင်ခဲ့သည်။
တစ်ဖက်တွင် Hybrid မော်ဒယ်များ၊
plug-in hybrid မော်ဒယ်များ၊ လျှပ်စစ်မော်တော်ယာဉ်များနှင့် လောင်စာဆဲလ် လျှပ်စစ်မော်တော်ယာဉ်များအပါအဝင် ဟွန်ဒဲ၏ လျှပ်စစ်စွမ်းအင်သုံး မော်တော် ယာဉ်များ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားမှာ ၁၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး
သုံးလ ပတ်အတွင်း အစီးရေ ၂၄၂၆၁၂ စီး ရောင်းချနိုင်ခဲ့သည်။ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ
သည် ဟွန်ဒဲ၏ စုစုပေါင်း ရောင်းအားမှ ၂၄ ဒသမ ၉ ရာခိုင်နှုန်းကို
ကိုယ်စားပြုထားသည်။
ဆင်ဟွာ

No comments