သီရိလင်္ကာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်လာ
ကိုလံဘို ဧပြီ
၂၃
သီရိလင်္ကာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည်
၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် ဒေါ်လာ ၅၀၀၀ ကျော်လွန်ကာ ၅၀၀၃ ဒေါ်လာအထိ
ရောက်ရှိခဲ့ကြောင်း သီရိလင်္ကာဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာကို ကိုးကား၍
နိုင်ငံပိုင်မီဒီယာက ယမန်နေ့တွင် ဖော်ပြခဲ့ သည်။
သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး
သည် ၂၀၂၅ ခုနှစ်တွင် ငါးရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မကြာသေးမီနှစ် များနှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်ခဲ့ကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတွင်
ဖော်ပြ ခဲ့သည်။
သီရိလင်္ကာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၂၄ ခုနှစ်တွင် ၃၀
ဒသမ ၁ ထရီလီယံ ရူပီးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရူပီး ၃၂ ဒသမ ၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ
၁၀၅ ဘီလီယံခန့်) အထိ မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်အချက်အလက်များအရ သိရသည်။
အစိုးရ၏ဝင်ငွေသည် ပြည်တွင်း
အသားတင်ကုန်ထုတ်လုပ်မှု၏ ၁၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အချက်အလက်များအရ
သိရသည်။
ပြည်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်မှုနှင့်
အစိုးရဝင်ငွေများ မြင့်မားမှုနှင့်အတူ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင်
တိုးတက်လာခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments