ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့နှင့် နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့်
စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ ကမ္ဘောဒီးယား၊ လာအိုနှင့်
ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား
ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု
ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ်
ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏
အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် Mr. Kitti
Settha Pandita Cham Prasidh၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊
ယခင်ဝန်ကြီးချုပ်ရုံး ဝန်ကြီး Mr. Alounkeo Kittikhoun နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ၊
တောင်အာရှနှင့် တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Nguyen
Tat Thanh တို့နှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာ
နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့်
နှစ်နိုင်ငံအဆင့်နှင့် ဒေသတွင်း အဆင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နီကာရာဂွါသမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗေထရက်ခ် ဂျေရက်စခီနှင့် တွေ့ဆုံစဉ်
နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့်
နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက်
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments