အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော လူနာများအား ကုသပေးနိုင်ရေး ဖြူးပြည်သူ့ဆေးရုံ၌ ပြင်ဆင်ထားရှိ



ဖြူး ဧပြီ ၁၂

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ပူပြင်းသည့် နွေရာသီကာလအပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည့်သူ့ဆေးရုံသို့ လာရောက်ပြသသော လူနာများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိသည်။

 

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ဇေယျဝတီ၊ ကညွတ်ကွင်း၊ ညောင်ပင်သာ တိုက်နယ်ဆေးရုံများ၌ ဧပြီလပထမပတ်မှ စတင်၍ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော လူနာများရောက်ရှိလာပါက လေအေးခန်းများတွင် လူနာများလက်ခံကုသပေးနိုင်ရန် ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ဆားထုပ်များ၊ ရေပန်ကာများ၊ ရေပက်တိုက်ရန် ရေဇလုံနှင့် အဝတ်များ ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားရှိခြင်း၊ လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖြူးဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်မိုးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.