အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဖြင့် ဗီယက်နမ်၏ ပထမဆုံးမြန်နှုန်းမြင့် ရထားလမ်း စတင်တည်ဆောက်
ဟနွိုင်း ဧပြီ ၁၂
ဗီယက်နမ်နိုင်ငံသည်
ဟနွိုင်းမြို့ ဘက်နင်းပြည်နယ် ဟိုင်ဖုန်းမြို့နှင့် ကွမ်နင်းပြည်နယ်တို့ကို
ဆက်သွယ်ထားသော ကီလိုမီတာ ၁၂၀ ရှည်လျားသည့်နိုင်ငံ၏ ပထမဆုံးမြန်နှုန်းမြင့် ရထားလမ်းကို
ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာ VnExpress တွင် ဖော်ပြထားသည်။
၂၀၂၈ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထား
အဆိုပါရထားလမ်းမှာ
စံနှုန်းမီလမ်းအကျယ်ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြင့်ဆုံး
မောင်းနှင်နိုင်မည့် နှစ်လမ်းသွား လျှပ်စစ်ရထားလမ်းအဖြစ် ဒီဇိုင်းထုတ်ထားကြောင်း
သိရသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဗီယက်နမ် ဒေါင် ၁၄၇ ဒသမ ၃၇ ထရီလီယံ
ဝန်းကျင် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇ ဘီလီယံခန့်) ရှိသော ယင်းစီမံကိန်းသည် ၂၀၂၈
ခုနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားသည်။
ကြာမြင့်ချိန်လျှော့ချပေးနိုင်မည်
တည်ဆောက်မှုပြီးစီးပါက
ဟနွိုင်းမြို့မှ ကွမ်နင်းပြည်နယ်အကြား ခရီးသွားလာမှု ကြာမြင့်ချိန်ကို ၂ နာရီမှ ၂
နာရီခွဲကြာမြင့်မှု မှ ၂၅ မိနစ်မှ မိနစ် ၃၀ အထိ လျှော့ချပေးနိုင်တော့မည် ဖြစ်သည်။
ဒေသတွင်း ချိတ်ဆက်မှုများ မြှင့်တင်ပေးမည်
ထို့အပြင် ဒေသတွင်း
ချိတ်ဆက်မှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း
မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ဆင်ဟွာ
No comments