ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာန၏ သက်ပြည့်အငြိမ်းစားယူသွားသည့် ဆရာမကြီးများအား ဂုဏ်ပြုပွဲကျင်းပ
ရန်ကုန် ဧပြီ ၂၇
ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာန၏
HRD Program (Hybrid System) ဖြင့် အောင်မြင်ခဲ့ပြီး တရားလွှတ်တော်ရှေ့နေ လိုင်စင်ရရှိခြင်း
(၁၀)နှစ်ပြည့်၊ ဥပဒေသင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည့် (၁၄) နှစ်ပြည့် အထိမ်းအမှတ်တွေ့ဆုံပွဲနှင့်
သက်ပြည့် အငြိမ်းစားယူသွားသည့် ဆရာမကြီးများအား ဂုဏ်ပြုပွဲကို ယမန်နေ့ညနေပိုင်းတွင်
Royal Garden စားသောက်ဆိုင်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်
ဆရာမကြီး ဒေါက်တာအိအိဟန်က ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်
အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ လှတင့်က အမှတ်တရစကား ပြောကြားသည်။
ဆက်လက်၍ HRD ဥပဒေသင်တန်းများ၏
Online Founder ဆရာကြီး ဆရာမကြီးတို့နှင့်အတူ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့သော
ဆရာမကြီးအား တာဝန်ရှိသူများနှင့် HRD Program (Hybrid System)ဖြင့် အောင်မြင်ခဲ့ပြီး
တရားလွှတ်တော် ရှေ့နေများနှင့် ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် ရန်ကုန်အဝေး သင်တက္ကသိုလ်
ဥပဒေပညာဌာနမှ သက်ပြည့်အငြိမ်းစားယူသွားသည့် ပါမောက္ခ/ ဌာနမှူး ဆရာမကြီး ဒေါက်တာ ဒေါ်တင်ဌေးအိအား
ကျောင်းသား ကျောင်းသူများက ဂါရဝပြုလက်ဆောင်များပေးအပ်ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments