လွိုင်လင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique e-ID (UID)ကောက်ယူမှု ကွင်းဆင်းဆောင်ရွက်

 


လွိုင်လင် ဧပြီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique e-ID (UID) ကောက်ယူမှုအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက (အမှတ်-၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)

No comments

Powered by Blogger.