တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာရော့ဗ်တို့ ပေကျင်း၌တွေ့ဆုံ
ပေကျင်း ဧပြီ ၁၅
တရုတ်
နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာရော့ဗ်တို့
မြို့တော် ပေကျင်း၌ ယမန်နေ့က တွေ့ဆုံခဲ့သည်။
နိုင်ငံခြားရေး
ဝန်ကြီးတို့က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည့်
အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအနေဖြင့်
နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများအတွက် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို
ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ဝမ်ယိက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လာရော့ဗ်အား
ပြောကြားခဲ့သည်။
ရုရှား
နိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာရော့ဗ်က အပြည့်အဝသဘောတူကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံဝန်ကြီးတို့က
ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း၏ လက်ရှိအခြေအနေတို့နှင့်ပတ်သက်ပြီး
အပြန်အလှန်ဆွေးနွေးခဲ့သည်။
ယခုနှစ်အတွင်း
တရုတ်-ရုရှား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင်ချင်း
ဖလှယ်ခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ကြေညာခဲ့သည်။
သမ္မတ ပူတင်က
ယခုနှစ်ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း
ရုရှားအစိုးရပိုင် Tass သတင်းဌာနက ဖော်ပြခဲ့သည်။
ကိုးကား -
အင်န်အိတ်ချ်ကေ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments