ဘရာဇီး၊ မက္ကဆီကိုနှင့် စပိန်အစိုးရများက ကျူးဘားပြည်သူများ ရင်ဆိုင်နေရသော လူသားချင်းစာန ာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြား



မက်ဒရစ်   ဧပြီ   ၁၉

ဘရာဇီး၊ မက္ကဆီကိုနှင့် စပိန်အစိုးရများက ကျူးဘားပြည်သူများ ရင်ဆိုင်နေရသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့ သည်။

လက်ရှိရင်ဆိုင်နေရသည့်အခြေအနေကို ဖြေလျှော့ ရန်လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။

ကျူးဘားပြည်သူများ၏    ဆင်းရဲဒုက္ခကို သက်သာစေမည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အစိုးရသုံးဖွဲ့က ကတိပြု ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နယ်မြေစိုးမိုးရေး၊ အချုပ် အခြာအာဏာ တန်းတူညီမျှရေးနှင့် အငြင်းပွားမှုများ ကို ငြိမ်းချမ်းစွာဖြေရှင်းရေးဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း ၎င်းတို့ က ထပ်လောင်းပြောကြားခဲ့သည်။

လူ့အခွင့်အရေး၊      ဒီမိုကရေစီစံနှုန်းများအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ထပ်မံအတည်ပြုပြီး နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်အခြေခံမူ များနှင့်အညီ   ကျူးဘားအရေးကို    ဖြေရှင်းရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိအခြေ အနေအတွက် မှန်ကန်သောအဖြေကိုရှာဖွေရန်အတွက် သာဖြစ်ပြီး ကျူးဘားပြည်သူများကိုယ်တိုင် ၎င်းတို့၏ အနာဂတ်ကို လွတ်လပ်မှုရှိစွာဖြင့် ဆုံးဖြတ်ရမည်ဖြစ် ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

လက်ရှိတွင် ကျူးဘားပြည်သူများက စားနပ် ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနှင့် အခြေခံကုန်ပစ္စည်း များ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး နိမ့်ပါးသော နေထိုင်မှုစနစ်နှင့် ဝင်ငွေလုံလောက်စွာ မရရှိခြင်း တို့ကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလျက်ရှိသည်။ အစိုးရမူဝါဒများအပါအဝင် လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ နိုင်ငံအတွင်း၌ သဘောထားကွဲလွဲမှုများ ရှိနေသည်။ ကာလရှည်ကြာ နိုင်ငံတကာဖိအားများနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

 

No comments

Powered by Blogger.