ဖရန့်ဖက်အသင်းကို အနိုင်ရပြီး လိုက်ပ်ဇစ်အသင်း အမှတ်ပေးဇယား အဆင့်(၃)နေရာ တက်လှမ်း



ဖရန့်ဖက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ဧပြီ ၁၈  ရက်  ညပိုင်းက   ယှဉ်ပြိုင်ကစားခဲ့တဲ့  ဂျာမန် ဘွန်ဒက်လီဂါပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းက အနိုင် ရပြီး အမှတ်ပေးဇယား အဆင့်(၃)နေရာ တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

ဖရန့်ဖက်အသင်းနဲ့   လိုက်ပ်ဇစ်အသင်းတို့ ပွဲစဉ်မှာ  လိုက်ပ်ဇစ်အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းအတွက် သွင်းဂိုးတွေကို ဒီယိုမန်ဒီက တစ်ဂိုး၊ နူဆာက တစ်ဂိုး၊ ဟာဒါက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ပြီး ဖရန့်ဖက် အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ လာဆင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ   ဖရန့်ဖက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့်    ဘွန်ဒက်လီဂါပွဲစဉ်(၃၀) ယှဉ်ပြိုင်ကစားပြီးချိန်မှာ   ရမှတ် ၅၉ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဧပြီ ၁၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော    ဘွန်ဒက်လီဂါပွဲစဉ်တွေမှာတော့ အော့စ်ဘတ်အသင်းက  လေဗာကူဆင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊   ဟော်ဖန်ဟိမ်းအသင်းက ဒေါ့မွန် အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဝုလ်စ်ဘတ်အသင်းက ယူနီယံဘာလင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဝါဒါဘရီမင် အသင်းက ဟမ်းဘတ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး  စိန့်ပေါလီအသင်းနဲ့ ကိုလုံအသင်းတို့ ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.